Terms And Conditions

Terms And Conditions(ကုန်ပစ္စည်းပို့ဆောင်မှုနှင့်ပတ်သတ်သည့် စည်းကမ်းချက်များ) လုပ်ငန်းအပ်နှံသူ။ ။Online shopping စနစ် (သို့) ရောင်းဝယ်ဖောက်ကားမှုပုံစံအမျိုးမျိုးဖြင့်သော်လည်းကောင်း ၊ သွင်းကုန် ထုတ်ကုန်များအားဖြန့်ချီသယ်ယူ ရောင်းချမှုပုံစံအမျိုးမျိုးဖြင့်သော်လည်းကောင်း ၊ ပုဂ္ဂိုလ်ရေးရာ အရသော်လည်းကောင်း ၊ လုပ်ငန်းတာဝန်အရသော်လည်းကောင်း အကြောင်းအမျိုးမျိုးကြောင့်ရောင်းချ ပေးပို့လိုသောကုန်ပစ္စည်းများ ၊ ပါဆယ် ၊ အထုတ်အပိုးများအား ၄င်းတို့ကိုယ်စား ပေးပို့လိုသောသူ (သို့မဟုတ်) လုပ်ငန်း (သို့မဟုတ်) ကုမ္ပဏီ (သို့မဟုတ်) အဖွဲ့အစည်းများထံသို့ပေးပို့ရန် အလို့ဌာလုပ်ငန်းလာရောက်အပ်နှံသောသူ။ လုပ်ငန်းလက်ခံသူ (BNF Express)။ ။ကုန်ပစ္စည်းများ ၊ ပါဆယ် ၊ အထုတ်အပိုးများအား လုပ်ငန်းအပ်နှံသူ၏ကိုယ်စား ပေးပို့လိုသောသူ (သို့မဟုတ်) လုပ်ငန်း (သို့မဟုတ်) ကုမ္ပဏီ (သို့မဟုတ်) အဖွဲ့အစည်းများထံသို့ မိတ်ဖက်ကုမ္ပဏီများဖြင့်စီစဥ်ချိတ်ဆက်ပေးပို့သောလုပ်ငန်း လက်ခံသူ။ BNF Delivery website www.bnfdelivery.com မှဖြစ်စေ ၊ BNF EXPRESS မိုဘိုင်း app များမှဖြစ်စေ ၊ BNF Express ၏ delivery ဝန်ဆောင်မှုများအားတနည်းနည်းဖြင့်လက်ခံအသုံးပြုသူများအားလုံးအောက်ပါ စည်းမျဥ်းစည်းကမ်းများ ၊ လုပ်ထုံးလုပ်နည်းများအား သိရှိနားလည် သဘောတူပြီးဖြစ်သည်ဟုယူဆသည်။ 1. လုပ်ငန်းအပ်နှံသူသည် သည် အသက် (၁၈) နှစ်နှင့်အထက်ဖြစ်ရမည်ဖြစ်ပြီး မိမိပေးပို့သည့်/ပေးပို့ရန်ညွှန်ကြားထားသည့်ပစ္စည်း များနှင့်ပတ်သက်၍ မိမိအပေါ်တွင်တာဝန်ယူမှု တာဝန်ခံမှု အပြည့်ရှိကြောင်း သိရှိနားလည်ပါသည်။ 2. လုပ်ငန်းအပ်နှံသူမှ လုပ်ငန်းလက်ခံသူထံသို့ ပေးပို့သောပစ္စည်းများသည် တရားဉပဒေအရ မလွတ်ကင်းသော ပစ္စည်းများ၊ ဉပဒေနှင့်ဆန့်ကျင်သောပစ္စည်းများ၊ F.D.A မှ တားမြစ်ထားသော ပစ္စည်းများ၊ မူးယစ်ဆေးဝါးများ၊ တရားမဝင်ဆေးဝါးများနှင့် ၎င်းတို့၏ဆက်စပ်ပစ္စည်းများ၊ Sex နှင့်ပတ်သက်သောပစ္စည်းများ၊ အကျင့်စာရိတ္တပျက်စီးစေနိုင်သည်ဟု အစိုးရမှသတ်မှတ်ထားသောပစ္စည်းများ၊ သက်ရှိ သတ္တဝါများ၊ သစ်တောနှင့် အကောက်ခွန်မှ ခွင့်ပြုချက်မရှိသည့် လူသုံးကုန်ပစ္စည်းများ၊ ခွင့်ပြုချက် မရှိသော ( သိုမဟုတ်) တင်သွင်းခွင့်မရှိသော ပိုးသတ်ဆေးနှင့် အစားအစာများ၊ ပျက်စီးလွယ်သော ပစ္စည်းများ၊ အစားထိုးမရနိုင်သော ပစ္စည်းများ၊ နိုင်ငံရေးနှင့်ပတ်သက်သည့် လှုံ့ဆော်စာများ၊ မတရားသင်းအဖွဲ့အစည်းများနှင့် ပတ်သက်ဆက်စပ် သည့်ကိစ္စရပ်များ ပေးပို့ခြင်းမဖြစ်စေရ။ 3. လုပ်ငန်းအပ်နှံသူမှ အထက်ဖော်ပြပါအပိုဒ်(၂) ပါကိစ္စရပ်များကြောင့် ပေးပို့၍မရနိုင်သောပစ္စည်းများ အား ပေးပို့ခြင်းကြောင့်ဖြစ်ပေါ်လာသော ကိစ္စအဝဝအတွက်လုပ်ငန်းလက်ခံသူတွင် တာဝန်မရှိပါ။ 4. လုပ်ငန်းအပ်နှံသူသည် လိုအပ်ပါက လုံခြုံရေးအရ ပါဆယ်ပစ္စည်းများအား ဖွင့်ဖောက်စစ်ဆေး ခြင်းကို လက်ခံခွင့်ပြုပေးရမည်ဖြစ်သည်။ 5. အထက်ဖော်ပြပါအတိုင်း လုပ်ငန်းအပ်နှံသူမှ ပေးပို့ထားသည့် ပစ္စည်းများအား ဖွင့်ဖောက်စစ်ဆေးထားခြင်းမရှိသော၊ ထုတ်ပိုးမှုပုံစံ သိသာထင်ရှားစွာ ပျက်စီးခြင်းမရှိသော၊ သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းများမှ ဉပဒေအရ ဖွင့်ဖောက်စစ်ဆေးခြင်း (သို့မဟုတ် ) သိမ်းယူခြင်းကြောင့်ဖြစ်သော၊ Waybill တွင် ရေးသားထားသည့် ပစ္စည်းအမျိုးအစားနှင့် ပါဆယ်ထုတ်အတွင်း ပါဝင်သည့် ပစ္စည်းအမျိုးအစား ကွဲလွဲနေခြင်း၊ ပစ္စည်းအပ်နှံစဉ်တွင် Waybill တွင် မှတ်ချက်ပြုထားခြင်း ( အကွဲအပြဲ/ ပျက်စီးမှု တာဝန်မယူပါ စသည်ဖြင့်) စသည်တို့အတွက် လုပ်ငန်းလက်ခံသူထံတွင် တာဝန်မရှိပါ။ ၄င်းအကြောင်းအရာများကြောင့်ပျက်စီးခြင်း၊ ပျောက်ဆုံးခြင်းများ ၊ ဆုံးရှုံးနစ်နာခြင်းများအား လုပ်ငန်းလက်ခံသူမှတာဝန်ယူဖြေရှင်းပေးနိုင်မည်မဟုတ် ပါ။ 6. လုပ်ငန်းလက်ခံသူ၏ဝန်ဆောင်မှုသည် ကုန်ပစ္စည်း ၊ ပါဆယ် ၊ အထုတ်အပိုး ၊ စာရွက်များကို ကြားခံပေးပို့သည့် ဝန်ဆောင်မှုသာဖြစ်သည်။ လုပ်ငန်းလက်ခံသူ၏ ပေါ့လျော့မှုကြောင့် ဖြစ်သည့် (အပိုဒ် ၅ တွင်ဖော်ပြထားသောအကြောင်းအရာများမပါဝင်သော) ပျက်စီးခြင်း၊ ပျောက်ဆုံး ခြင်းမှအပပေးပို့သည့်ပစ္စည်းနှင့် ပတ်သက်သည့် မည်သည့်အကြောင်းကြောင့်နှင့်မျှ လုပ်ငန်းလက်ခံသူတွင် တာဝန်မရှိစေရ။ မည်သည့်ကိစ္စမဆို ပေးပို့သူ၏ တာဝန်သာဖြစ်သည်။ 7. လုပ်ငန်းအပ်နှံသူသည် လုပ်ငန်းလက်ခံသူမှ ပေးအပ်ထားသည့် Waybill အား စာရင်းရှင်းပေး ရန်နှင့် ပေးအပ်ထားကြောင်း အထောက်အထားအဖြစ်သာ သတ်မှတ်ထားပြီး အခြားသူအား လွဲပြောင်းခြင်းနှင့် အခြားနေရာတွင် အသုံးပြုခြင်း၊ အခြားသူများအား မျှဝေခြင်း လုံးဝမပြုလုပ်ရပါ။ 8. လုပ်ငန်းအပ်နှံသူ (Customer များ) အနေဖြင့် ပစ္စည်းလက်ခံမည့်သူနှင့် သေချာစွာညှိနှိုင်းဆောင် ရွက်ပြီးမှသာ Waybill တွင် အချက်အလက်ရေးသွင်းရန်ဖြစ်ပြီး Waybill တွင်မပါဝင်သည့် အချက်အလက်များ အား ဝန်ဆောင်မှုပြုပေးနိုင်မည်မဟုတ်ပါ။ (ဉပမာ - COD ငွေကောက်မပါဘဲ လက်ခံမည့်မြို့ရောက်ရှိမှသာ ငွေကောက်ခိုင်းခြင်း၊ ​ဈေးနှုန်းလျော့ခိုင်းခြင်း စသည်ဖြင့်) 9. ပစ္စည်းတန်းဖိုးအတွက် ကောက်ခံရငွေများအား လုပ်ငန်းအပ်နှံသူသည် လုပ်ငန်းလက်ခံသူထံမှ လွဲပြောင်းရယူနိုင်ရန်အတွက် သတ်မှတ်ထားသည့် Bank အကောင့်တစ်ခု၊ လုပ်ငန်းအပ်နှံသူနှင့် လုပ်ငန်းလက်ခံသူတို့အကြား စာရင်းများရှင်းလင်းနိုင်ရန်အတွက် Email (သို့မဟုတ်) Viber Account တစ်ခုခု ကိုသော်လည်းကောင်း လုပ်ငန်းလက်ခံသူထံသို့ တရားဝင်တင်ပြရမည်။ အကယ်၍ Bank Account ပြောင်းလဲရန် လိုအပ်လာပါက တရားဝင်ခိုင်လုံသော စာရွက်စာတမ်းများ ရေးသားတင်ပြကာ အနည်းဆုံးအလုပ်လုပ်ရက် (၅) ရက် နောက်ပိုင်းမှသာ ပြောင်းလဲရန်တင်ပြထားသည့် ဘဏ်အကောင့်နံပါတ်ထဲသို့ ငွေလွဲပြောင်းခြင်းအား စတင်ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါသည်။ 10. လုပ်ငန်းအပ်နှံသူသည် လုပ်ငန်းလက်ခံသူမှပေးပို့ထားသည့် ငွေစာရင်းများနှင့်ပတ်သက်၍ သော်လည်းကောင်း၊ လုပ်ငန်းလက်ခံသူမှ စာရင်းရှင်းရန်ကျန်ရှိနေသော စာရင်းများ အထုတ်များရှိပါက ၄င်းစာရင်းများပေးပို့ထားသည့်နေ့မှစ၍ ရက်ပေါင်း(၃၀)အတွင်း လုပ်ငန်းလက်ခံသူထံပြန်လည် တင်ပြတောင်းခံပေးရန်လိုအပ်ပါသည်။ အကယ်၍ သတ်မှတ်ရက်ထပ်ကျော်လွန်ပါက လုပ်ငန်းလက်ခံသူ၏ တာဝန်အဖြစ် သတ်မှတ်ခြင်းမပြုရန်နှင့် လုပ်ငန်းလက်ခံသူဖက်မှ အတတ်နိုင်ဆုံးဖြေရှင်းပေးမည်ဖြစ်ပါသည်။ 11. လုပ်ငန်းအပ်နှံသူသည် လုပ်ငန်းလက်ခံသူမှ ယုံကြည်စွာအပ်နှင်းထားသော ၄င်းကုမ္ပဏီ အဖွဲ့အစည်းနှင့်စပ်လျဉ်းသည့် ကုန်အမှတ်တံဆိပ်များနှင့် ဘောင်ချာများကို သော်လည်းကောင်း၊ ၄င်းတို့၏ တစ်စိတ်တစ်ဒေသကို သော်လည်းကောင်း ကိုယ်တိုင်အလွဲသုံးစားပြုလုပ်ခြင်း၊ အခြားသူများထံ ဝေမျှခြင်း၊ ပေးဝေခြင်း၊ အပ်နှံခြင်းများ မပြုရန် သဘောတူပါသည်။ 12. ပေးပို့ပြီးသော ပါဆယ်၊ ပစ္စည်းများ အတွက် လုပ်ငန်းအပ်နှံသူသည် မိမိအပ်နှံထားသော လုပ်ငန်းနှင့်ပတ်သတ်၍ လုပ်ငန်းအပ်နှံသည့်နေ့မှ (၇) ရက်အတွင်းဝန်ဆောင်ခများကို အပြေ/အကြေ စာရင်းရှင်းလင်းရမည်ဖြစ်သည်။ 13. လုပ်ငန်းအပ်နှံသူ(Customer) များအနေဖြင့် လုပ်ငန်းလက်ခံသူမှ ပါဆယ်၊ ပစ္စည်းများလာရောက်ကောက်ယူပြီးမထွက်ခွာမှီ Waybill ပါအချက် အလက်များ မှန်ကုန်မှုရှိမရှိ စစ်ဆေးပြီး မှန်ကန်ကြောင်းအတည်ပြုလက်မှတ်ရေးထိုးပေးရန် တာဝန်ရှိသည်။ မှန်ကန်မှုမရှိခြင်း၊ အချက်အလက်မပြည်စုံခြင်းရှိပါက ချက်ချင်းပြင်ဆင်ခိုင်ရန်နှင့် ပေးပို့ပြီးသည့် နောက်ပိုင်း Waybill ပါအချက်အလက်မှားယွင်းမှု၊ မပြည့်စုံမှုကြောင့် ဖြစ်ပေါ်လာသည့် ဆုံးရှုံးမှုတစ်စုံတစ်ရာ ဖြစ်ပေါ်ပါက လုပ်ငန်းလက်ခံသူမှ တာဝန်မရှိစေရ။ COD ငွေပမာဏ ပြောင်းလဲကောက်ခံခိုင်းခြင်း၊ ပေးပို့ပြီးမှ ငွေကောက်ခံခိုင်း ခြင်းနှင့် Waybill တွင်ပါဝင်ခြင်းမရှိသည့် အချက်အလက်များအား ဆောင်ရွက်ပေးမည်မဟုတ်ပါ။ 14. လုပ်ငန်းအပ်နှံသူ (Customer) များအနေဖြင့် လုပ်ငန်းလက်ခံသူ (BNF Express) ရုံးဖွင့်လှစ်ထားသည့်နေရာနှင့် နှစ်ဉီးသဘောတူ သတ်မှတ်ထားသည့်နေရာ စသည့်နေရာများသို့ သတ်မှတ်ထားသည့် ရုံးချိန်အတွင်း လာရောက် ပေးပို့ခြင်း (သို့မဟုတ်) Pick-up ခေါ်ယူခြင်းများ ပြုလုပ်နိုင်သည်။ 15. လုပ်ငန်းလက်ခံသူအနေဖြင့် ပစ္စည်းကောက်များအား တိကျသေချာသော လိပ်စာမရှိသည့် (သို့) အများပြည်သူအသုံးပြုသည့်နေရာ (ဥပမာ။ ။ကားမှတ်တိုင် ၊ စျေး ၊ ပန်းခြံ အစရှိသည့်) များမှလာရောက်ကောက်ယူဝန်ဆောင်မှုပေးမည်မဟုတ်ပါ။ 16. လုပ်ငန်းလက်ခံသူအနေဖြင့် လုပ်ငန်းအပ်နှံသူ၏ ပါဆယ်၊ ပစ္စည်းများအား အမြန်ဆုံးရောက်ရှိအောင် ပေးပို့သွားမည်ဖြစ်ပါသည်။ 17. လုပ်ငန်းလက်ခံသူအနေဖြင့်လုပ်ငန်းအပ်နှံသူ၏ Waybill တွင်ပါရှိသော လိပ်စာအတိုင်းသာ သွားရောက်ပေးပို့ပေးမည် ဖြစ်ပါသည်။ လုပ်ငန်းအပ်နှံသူမှပေးပို့လိုသောလိပ်စာသည် စာဝေနယ်ပြင်ပဧရိယာရောက်ရှိနေလျှင်သော်လည်းကောင်း ၊ လက်ခံသူ၏ လိုအပ်ချက်အရ သော်လည်းကောင်း ပါဆယ်၊ ပစ္စည်းများကို လုပ်ငန်းလက်ခံသူ၏်ရုံးတွင် လာရောက်ယူဆောင်ရနိုင်သည် ကို သိရှိလက်ခံရမည်ဖြစ်သည်။ 18. ပေးပို့ရန် လိပ်စာမပြည့်စုံခြင်း၊ ဖုန်းဆက်သွယ်၍ မရနိုင်ခြင်း၊ ပစ္စည်းလက်ခံမည်သူ့မရှိ ခြင်း၊ ငြင်းပယ်ခြင်း၊ လက်ခံရန် အဆင်မပြေခြင်းများ ဖြစ်ပေါ်ပါက လုပ်ငန်းအပ်နှံသူထံ / ပေးပို့သူထံ အတက်နိုင်ဆုံး ဖုန်းဖြင့်သော်လည်းကောင်း၊ SMS ဖြင့်သော်လည်းကောင်း၊ အသိပေးအကြောင်းကြားသွားမည် ဖြစ်သည်။ ယင်းသို့ဖြစ်ပေါ်လာပါက လုပ်ငန်းလက်ခံသူသည် လုပ်ငန်းအပ်နှံသူ/ ပေးပို့သူ၏ ပြန်လည်ညွှန်ကြား ချက်ရမှသာ နောက်တစ်ကြိမ် သွားရောက်ပေးပို့မည်ဖြစ်ပါသည်။ 19. လုပ်ငန်းလက်ခံသူသည် ပါဆယ် တစ်ခုအတွက် (၂) ကြိမ်တိုင်တိုင် ပေးပို့သွားမည်ဖြစ် ပြီး စတင်ပေးပို့လိုက်သည့်လက်ခံမည့်သူနှင့် မသက်ဆိုင်သည့် အခြားတစ်ဉီး၏ လိပ်စာအား လွဲပြောင်းပေးပို့ခြင်းနှင့် လိပ်စာတစ်နေရာထဲအား Customer ညွှန်ကြားချက်အရ (၂) ကြိမ်ထိသာ ပေးပို့ထားမည်ဖြစ်ပြီး (၂) ကြိမ်ထက်ကျော်လွန်သည့် ပါဆယ်/ပစ္စည်းများအား လုပ်ငန်းအပ်နှံသူထံ ပြန်လည် ပေးပို့သွားမည်ဖြစ်သည်။ 20. လုပ်ငန်းလက်ခံသူသည် ပေးပို့ရမည့် ပါဆယ်များအား သတ်မှတ်ထားသော ရုံးချိန် အတွင်းသာပေးပို့သွားမည်ဖြစ်ပြီး ဤဝန်ဆောင်မှုသည် ရက်၊ အချိန် ၊ အတိအကျဖြင့် ပေးပို့သော ဝန်ဆောင်မှု မဟုတ်သော်လည်း လက်ခံမည့်သူနှင့် အဆင်ပြေဆုံးဖြစ်အောင် ညှိနှိုင်းပေးပို့သွားမည်ဖြစ်သည်။ 21. ပါဆယ်၊ ပစ္စည်းများအား COD Service ဖြင့်ပေးပို့ထားပါက အခြားမြို့များသို့ ပြောင်းရွှေ့ပေးပို့ခွင့်မရှိပါ။ (မူလရေးသားထားသည့်အတိုင်းမဟုတ်ဘဲ ပြင်ဆင်ခွင့်မပြုပါ။) အခြားမြို့သို့ ပြောင်းလဲပေးပို့မည်ဆိုပါက မူလပေးပို့ခဲ့သည့်မြို့မှသာ ဘောင်ချာအသစ်အနေဖြင့် ပြောင်းလဲပို့ဆောင်ရမည်။ အကယ်၍ ပေးပို့မရခဲ့ပါလျှင် ပို့မရသော ပစ္စည်းများကို သက်ဆိုင်ရာရုံးများတွင် (၇)ရက်တိတိ သိမ်းဆည်းပေး ပေးထားမည်ဖြစ်ပါသည်။ သို့ရာတွင် လုပ်ငန်းလက်ခံသူအတွက် ကျသင့်သည့် ဝန်ဆောင်ခနှုန်းထားအား ပေးပို့သူမှ ကျခံရပါမည်။ 22. ပေးပို့သည့် ပါဆယ်/ပစ္စည်းများအား ပေးပို့မရသေးပါက သက်ဆိုင်ရာရုံးခွဲသို့ ရောက်ရှိ သည့်ရက်မှ (၇) ရက်ထိ စောင့်စိုင်းပေးမည်ဖြစ်ပြီး (၈) ရက်မြောက်နေ့တွင် Reject အဖြစ် သတ်မှတ်မည်ဖြစ်ပါ သည်။ Reject Parcel (ပေးပို့မရသော ပါဆယ်) အဖြစ် လုပ်ငန်းအပ်နှံသူထဲ ပြန်လည်ပေးပို့သွားမည်ဖြစ်ပြီးဝန်ဆောင်ခအား ထပ်ဆောင်းပေးဆောင်ရမည်ဖြစ်သည်။။ 23. ပေးပို့သည့် ပါဆယ် ပစ္စည်းများအား လုပ်ငန်းအပ်နှံသူ၏ တောင်းဆိုချက်အရ ကားဂိတ် များမှ တဆင့်ပေးပို့စေခြင်း( သို့မဟုတ်) အခြားသူတစ်ဦးဦးအား လွဲပြောင်းပေးပို့စေခြင်းများကို ကားဂိတ်မှ လက်ခံစာရွက် ရရှိပြီး ( သို့မဟုတ်) လက်ခံသူမှ ရရှိကြောင်း လက်မှတ်ရေးထိုးပြီးနောက် ဖြစ်ပေါ်လာသော နောက်ဆက်တွဲ ကိစ္စရပ်များအား လုပ်ငန်းလက်ခံသူမှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။ 24. ပေးပို့သည့် ပါဆယ်၊ ပစ္စည်းများအား လက်ခံချိန်တွင်ထုတ်ပိုးထားသည့် အနေအထားပျက်စီးနေခြင်းရှိ / မရှိနှင့် အကောင်းအတိုင်းလက်ခံရရှိသော ပါဆယ်၊ ပစ္စည်းများအတွက် လက်မှတ်ထိုး လက်ခံရယူရမည်ဖြစ်သည်။ လက်ခံပြီးနောက် ဖြစ်ပေါ်လာသော ပျက်စီး၊ ပျောက်ဆုံးခြင်းနှင့် ပစ္စည်းမှားယွင်းခြင်းများအတွက် လုပ်ငန်းလက်ခံသူမှ တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ပါ။ 25. လုပ်ငန်းလက်ခံသူအနေဖြင့်ပေးပို့သူမှ လုံလောက်သော ထုတ်ပိုးမှုများဖြင့် ထုတ်ပိုးထားပြီးဖြစ်သော်လည်း ပိုမိုသေချာစေရန် လုပ်ငန်းလက်ခံသူမှ ထပ်မံထုတ်ပိုးပေးသွားမည်ဖြစ်သည်။ 26. လုပ်ငန်းလက်ခံသူမှ တာဝန်ယူလက်ခံထားသည့် ပါဆယ်၊ ပစ္စည်းများအား ပျောက်ဆုံး၊ ပျက်စီးမှု များမဖြစ်စေရန် အစဉ်အထူးဂရုစိုက်၍ ပို့ဆောင်းပေးသွားမည်ဖြစ်သည်။ အကြောင်းအမျိုးမျိုးကြောင့် ‌ပျောက်ဆုံး၊ ပျက်စီးမှု ပေါ်ပေါက်ခဲ့ပါက လုပ်ငန်းလက်ခံသူမှ သေချာစွာစစ်ဆေးပြီး လုပ်ငန်းလက်ခံသူ၏ တာဝန်ယူမှု အောက်တွင် ရှိနေပါက သတ်မှတ်ထားသော လျော်ကြေးငွေကို ပျောက်ဆုံးသည့် ရက်မှ (၁၅) ရက်အတွင်း ပေးလျော်သွားမည်။ 27. လုပ်ငန်းလက်ခံသူ၏ ဤဝန်ဆောင်မှုတွင် ပျောက်ဆုံး၊ ပျက်စီးသည့် ပါဆယ်၊ ပစ္စည်းများအတွက် ပျောက်ဆုံး၊ပျက်စီးမှုများအတွက်ပို့ဆောင်ခ၏(၁၀)ဆထက်မပိုသောပစ္စည်းမူလတန်ဖိုးအား အများဆုံး ပြန်လည်ပေးလျှော်ပါမည်။ တန်ဖိုးကြီးပစ္စည်းများအားမူလတန်ဖိုး၏ (၁၀) ပုံ (၁) ပို့ဆောင်ခပေးရန် ဖြစ်သည်။ 28. လုပ်ငန်းလက်ခံသူသည် COD အဖြစ် ကောက်ခံထားသော ပစ္စည်းတန်းဖိုးငွေများအား လုပ်ငန်းအပ်နှံသူနှင့် သဘောတူညီထားသည့်အတိုင်း COD ကောက်ခံခနှုန်းထားအားနှုတ်၍ သတ်မှတ်ထားသော ငွေရှင်းရက်တွင် သတ်မှတ်ထားသည့် ဘဏ်ငွေစာရင်းသို့သာ လွှဲပြောင်းပေးသွားမည်ဖြစ်ပါသည်။ အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် တစ်စုံတစ်ရာပြောင်းလဲမှုရှိခဲ့ပါက အကြောင်းကြားပေးမည်ဖြစ်ပြီး လုပ်ငန်းအပ်နှံသူဖက်မှ မူလပေးထားသော Bank Account သို့သာ လွဲပြောင်းပေးမည်ဖြစ်ပါသည်။ 29. လုပ်ငန်းလက်ခံသူ၏ ဝန်ဆောင်ခများအား လုပ်ငန်းအပ်နှံသူထံမှ လုပ်ငန်းလက်ခံသူနှင့် သဘောတူညီထားသည့်အတိုင်း ပုံမှန်ဖြတ်တောက် ကောက်ခံသွားမည်ဖြစ်ပါသည်။ 30. လုပ်ငန်းအပ်နှံသူသည် မမျှော်မှန်းနိုင်သော ကိစ္စရပ်များ ( Force Majeure) (ရေ၊မီး၊လေ၊မုန်တိုင်း၊ အဓိကရုဏ်း၊ စစ်မက်ဖြစ်ပွားခြင်း၊ ကပ်ဘေးဖြစ်ပွားခြင်း၊ နိုင်ငံတော်အစိုးရနှင့် ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့အစည်းများ၏ ကန့်သတ်ချက် များကြောင့်ဖြစ်ခြင်း၊ လမ်းများသွားမရအောင် ပိတ်ဆို့နေခြင်းကြောင့် လုပ်ငန်းဆိုင်ရာအခက်အခဲဖြစ်ပေါ်ခြင်း၊ ဆုံး ရှုံးခြင်းများ ဖြစ်ပေါ်ခဲ့ပါက လုပ်ငန်းလက်ခံသူတွင် တာဝန်မရှိကြောင်း လုပ်ငန်းအပ်နှံသူမှသိရှိနားလည်ပါသည်။ 31. လုပ်ငန်းလက်ခံသူအနေဖြင့် ဤစည်းမျဥ်းစည်းကမ်းချက်များအားလုပ်ငန်းလိုအပ်ချက်များအရ အခါအားလျှော်စွာပြောင်းလဲပြင်ဆင်နိုင်ပြီးလုပ်ငန်းအပ်နှံသူအနေဖြင့်လုပ်ငန်းအပ်နှံခြင်းဆောင်တာများ မပြုလုပ်မှီဝင်ရောက်ကြည့်ရှုလေ့လာရန်တာဝန်ရှိကြောင်းနှင့်လုပ်ငန်းအပ်နှံခြင်းဖြင့်သဘောတူလက်ခံပြီးဖြစ်သည်ဟုယူဆပါမည်။